မြန်မာ့မီးရထား၏ ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ထိ လုပ်ငန်းဆောင်ရွက်တိုးတက်မှု (၁)

ရထားလမ်းအဆင့်မြှင့်တင်ပြုပြင်ခြင်း

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်

ဂျပန်နိုင်ငံ၏ချေးငွေ အမေရိကန်ဒေါ်လာ (၂၁၁၅)သန်း၊ နိုင်ငံတော်မှကျခံငွေ အမေရိကန်ဒေါ်လာ (၄၆၈.၉၅၂)သန်း၊ စုစုပေါင်း    (၂၅၈၄.၂၇၀)သန်းဖြင့် အဆင့်(၂)ဆင့် ခွဲ၍ ဆောင်ရွက်ခြင်းဖြစ်ပါသည် -

အဆင့် (၁) ရန်ကုန် - တောင်ငူ ( ၁၆၆) မိုင်

အဆင့် (၂) တောင်ငူ - မန္တလေး  (၂၁၉) မိုင်

မြန်မာဘက်မှ လမ်းခင်းကျောက်များစုဆောင်းခြင်း၊ ကွန်ကရစ် ဇလီဖား ထုတ်လုပ်ခြင်း၊ အုတ်ခြံစည်းရိုးနှင့် Chain Link ခြံစည်းရိုးများကာရံခြင်း၊ ဘူတာအချို့နှင့် လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်း (ပဲခူး၊ ညောင်လေးပင်၊ ဖြူး-- စသည့်)၊ လိုအပ်သော ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းတို့ဆောင်ရွက်ပြီး ကျန်လုပ်ငန်းများကို Japan ကုမ္ပဏီများမှ ဆောင်ရွက်ပါသည်။

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း (၃၈၅) မိုင်


ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း(၅၉)မိုင်

စီမံကိန်းအား ဂျပန် JICA ODA ချေးငွေအမေရိကန်ဒေါ်လာ (၂၀၇) သန်းနှင့် ပြည်ထောင်စု ဘတ်ဂျက် ငွေကျပ်(၅၄)   ဘီလီယံ တို့ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ချေးငွေဖြင့် အချက်ပြ စနစ်နှင့် DEMU တွဲများဝယ်ယူ ဖြည့်တင်းပြီး၊ မြို့ပြ လုပ်ငန်းများကို ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Consultant အဖြစ် Oriental Consultant Global မှ ဆောင်ရွက်ပြီး၊ Signalling System (CP-201)နှင့် DEMU တွဲများဖြည့်တင်းရေး (CP-202)တို့အား တင်ဒါခေါ်ယူ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ရထားလမ်းပိုင်း အကြီစားပြုပြင်ရေးအတွက် တင်ဒါခေါ်ယူ၍ အနောက်ဘက်ခြမ်းအား A1 ကုမ္ပဏီဖြင့် လည်းကောင်း၊ အရှေ့ဘက်ခြမ်းအား ရွှေတောင်ကုမ္ပဏီဖြင့်လည်းကောင်း စာချုပ် ချုပ်ဆိုပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ရထားလမ်း အကြီးစားပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၏ (၉၀ %) ပြီးစီးပြီဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ပါသည်။ ဘူတာနှင့် လူကူးခုံးကျော်တံတားများ ရထားလမ်းတလျှောက် ခြံစည်းရိုး ကာရံခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း(၅၉)မိုင်


မန္တလေး-မြစ်ကြီးနား ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၃၄၀) မိုင်

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ရထားလမ်း ခုန်၊ ဆောင့်၊ လူး များ မဖြစ် ပေါ်စေရေး၊ စက်ခေါင်း/တွဲများ ချို့ယွင်းမှု လျော့နည်းရေးတို့ အတွက် (၉)ချောင်းဆက် သံလမ်း ဂဟေဆက်ခင်းခြင်းလုပ်ငန်းနှင့် စက်ကြီးဖြင့် ကျောက်ဖြည့် ပက်ကင်ရိုက်ခြင်း လုပ်ငန်းများ အပါအဝင် ရထားလမ်း ပြုပြင် ခြင်းလုပ်ငန်းများ စုစုပေါင်း(၁၈၀)မိုင်  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

ရထားလမ်းပိုင်း၏ မတ်စောက်သော ဆင်ခြေလျောနှင့် ကွေ့များ များပြား ပါဝင်သော လမ်းပိုင်းများဖြစ်သည့် ဂျိုးထောင်-မဲဇာ (၂၄)မိုင်နှင့် မော်ဟန်-ကာဒူ(၁၀)မိုင်အား အဆင့်မြှင့်တင်ရန် ကိုရီးယားနိုင်ငံ၏အကူအညီဖြင့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၁၂၅) ရယူနိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိပါသည်။

တံတားကြီးငယ်များ ကြံ့ခိုင်ရေး ဆောင်ရွက်ပြီး စုစုပေါင်း (၆၀%)ပြီးစီးပြီ ဖြစ်ပါသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၃၄၀) မိုင်


ပဲခူး-မော်လမြိုင် ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၁၂၉)မိုင်

၉ ချောင်းဆက် သံလမ်းများ ဂဟေဆက်၍ ခင်းခြင်း လုပ်ငန်း (၁၂၉) မိုင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

ရထားလမ်း ပြုပြင်ခြင်းနှင့် လမ်းခင်းကျောက်ဖြည့်၍ ပက်ကင်ရိုက်ခြင်း (၁၀၅)မိုင် ပြီးစီးပြီး၍ (၂၄)မိုင် ကျန်ရှိပါသည်။

တံတားကြီးငယ်များ ကြံ့ခိုင်ရေး ဆောင်ရွက်ခြင်း(၈၀ %) ပြီးစီးပြီ ဖြစ်ပါသည်။

ကားလမ်းဖြတ်ကူး (Level Crossing)များ ပြုပြင်ခြင်း(၇၀ %) ပြီးစီးပြီ ဖြစ်ပါသည်။

ပဲခူး-မော်လမြိုင် ရထားလမ်း အကြီးစားပြင်ဆင်ခြင်း (၁၂၉)မိုင်


ပြည်-အောင်လံ-တောင်တွင်းကြီး ရထားလမ်း အကြီးစား ပြင်ဆင်ခြင်း (၁၃၁)မိုင်

သံလမ်း(၉)ချောင်း ဆက်၍ ခင်းခြင်း လုပ်ငန်း ပြည်-မှော်ဇာလမ်းဆုံ-ဒုရင်္ဂဗိုလ်အထိ (၁၇ မိုင်)ပြီးစီးပြီဖြစ်ပါသည်။

ကွန်ကရစ် ဇလီဖားတုံးများ ဖြည့်သွင်းခြင်းနှင့် လမ်းခင်းကျောက် ဖြည့်တင်းခြင်း၊ စက်ဖြင့် ပက်ကင် ရိုက်ခြင်း လုပ်ငန်းများ (၈၀)မိုင် ပြီးစီးပြီ ဖြစ်ပါသည်။

တံတားများကြံ့ခိုင်ရေး ဆောင်ရွက်လျက်ရှိရာ (၃၀ %)ပြီးစီးပြီ ဖြစ်ပါသည်။

ပြည်-အောင်လံ-တောင်တွင်းကြီး ရထားလမ်း အကြီးစား ပြင်ဆင်ခြင်း (၁၃၁)မိုင်


နေပြည်တော်စက်ခေါင်းသစ်ထုတ်လုပ်တပ်ဆင်သည့် စက်ရုံတည်ဆောက်ခြင်း

နေပြည်တော်စက်ခေါင်းသစ်ထုတ်လုပ်တပ်ဆင်သည့် စက်ရုံတည်ဆောက်ခြင်း


မြစ်ငယ်တွဲသစ်တည်ဆောက်ရေးစက်ရုံ တည်ဆောက်ခြင်း

မြစ်ငယ်တွဲသစ်တည်ဆောက်ရေးစက်ရုံ တည်ဆောက်ခြင်း


MR(24-9-2020)12

MR(24-9-2020)12