မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၃:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

           ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ(၄၅)မိနစ်(၅၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၈၇၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Alaska Peninsula)၊ မြောက်လတ္တီတွဒ် (၅၅.၄၇)ဒီဂရီ၊ အနောက်လောင်ဂျီတွဒ် (၁၅၇.၉၃)ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၈.၀)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။