မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၇း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၁၀)မိနစ်၊ (၀၉)စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့-အရှေ့တောင် (၂၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၁)ဒီဂရီ၊ အနက် (၇၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။