မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၁:၅၅  နာရီ အချိန်ထုတ်ပြန်ချက်)

          ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၄)မိနစ်၊ (၁၅) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၅၉၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Nicobar Islands, India Region)၊ မြောက်လတ္တီတွဒ် (၈.၅၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၇၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။