မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၈:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ(၃၉)မိနစ်(၅၅) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၃၂)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ကလေးမြို့၏ အ‌နောက်တောင်ဘက် (၁၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၃)ဒီဂရီ၊ အနက်(၁၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။