မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၈:၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ(၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ(၄၉)မိနစ်(၅၃) စက္ကန့်အချိန်တွင် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက်(၁၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (အင်းတော်မြို့၏ မြောက်-အရှေ့မြောက်ဘက်(၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂)ဒီဂရီ၊ အနက်(၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။