မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၅၃)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ဘက် (၄၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်တောင်ဘက် (၂၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၆၂)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၂၄)ဒီဂရီ၊ အနက်(၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။