မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၁:၃၆ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၁၉) မိနစ်၊ (၃၄) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြာက်ဘက် (၇၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ မြောက်-အရှေ့မြာက်ဘက် (၁၃)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၀၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၇)ဒီဂရီ၊ အနက်(၁၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။