မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၁း၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ မေလ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၅၀)မိနစ်၊ (၂၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၉၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်ဘက် (၃၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။