မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၂း၄၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၂၄)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၆၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၃)ဒီဂရီ၊ အနက် (၈၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။