မြေငလျင်သတင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၇)မိနစ်၊ (၂၃)စက္ကန့် အချိန် တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၈)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းယောင်းမြို့၏ အနောက်ဘက် (၂၁)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၁၈) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၁၀၀.၀၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။