မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၄း၅၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၃)မိနစ်၊ (၁၉)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၆၀)ခန့်ကွာဝေးသော မြန်မာ နိုင်ငံ ပြည်တွင်း (ဂန့်ဂေါမြို့၏ အရှေ့တောင်ဘက် (၂၄)မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၁.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၂)ဒီဂရီ၊ အနက် (၈၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။