မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၀း၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၆)မိနစ်၊ (၃၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမ်းမြို့၏ တောင်-အရှေ့တောင်ဘက် (၁၇)မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၁၉.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၃)ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။