မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၆း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၃ ခုနှစ်၊ ‌မေလ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၁၉)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပူတာအိုမြို့၏ အနောက်ဘက် မိုင်(၅၀) ခန့်ကွာ) မြောက်လတ္တီတွဒ် (၂၇.၃၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၆၀)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။