မြေငလျင်သတင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁) နာရီ၊ (၅၄) မိနစ်၊ (၂၄) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျောက်တော်မြို့၏ အရှေ့ဘက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၉) ဒီဂရီ၊ အနက် (၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။