(မြန်မာစံတော်ချိန် ၁၁:၂၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၀)မိနစ်၊ (၁၁) စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နွားထိုးကြီးမြို့၏ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၄၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၂) ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။