မြေငလျင်သတင်း

မြေငလျင်သတင်း

 

(မြန်မာစံတော်ချိန် ၂၂:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁) နာရီ၊ (၄၃)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၉) ဒီဂရီ၊ အနက် (၈၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။