မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၃း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၈)မိနစ်၊ (၅၀) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် မိုင်(၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လေရှီးမြို့၏ အရှေ့တောင်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

