မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၅၉)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်ဘက် (၃၆)မိုင်ခန့် ကွာဝေးသော (Myanmar-India Border Region)၊ မြောက်လတ္တီတွဒ် (၂၄.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၆)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၁ (M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

