ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့

နေပြည်တော်၊ မေ ၁၉

ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများမှ ကွန်ကရစ်မီးတိုင်များ၊ တာဝါတိုင်များ၊ သံချောင်းများ၊ လျှပ်စစ် ဝါယာကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများ၊ ဆက်သွယ်ရေး ဖိုက်ဘာကေဘယ်လ်များ၊ ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်များ အပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန၏ စီစဉ်မှုအရ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၏ ကြီးကြပ်မှုဖြင့် (၁၆-၅-၂၀၂၃)ရက်နေ့မှစတင်၍ ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတား၌ MV.AQUARIUS၊ MV.SUN SHINE နှင့် MV.FORTUNE သင်္ဘော(၃) စီး တို့ပေါ်သို့ တင်ဆောင်လျက်ရှိပြီး၊ MV.AQUARIUS သင်္ဘောသည် ၁၉-၅-၂၀၂၃ ရက်၊ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းနှင့် ကျန်သင်္ဘော(၂)စီးပေါ်သို့လည်း ကူညီ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးတင်ဆောင်၍ စစ်တွေမြို့သို့ ဆက်လက်ထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန