ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့

နေပြည်တော်၊ မေ ၂၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ကွန်ကရစ်မီးတိုင်များ၊ ထရန်စဖော်မာများ၊ လျှပ်စစ်ကေဘယ်ကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများ၊ ဘိလပ်မြေအိတ်များ၊ မြေတူးစက်နှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ရေသန့်ဆေးများ၊ ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်များ အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတား၌ တင်ဆောင်ပြီးနောက် MV. SUN SHINE နှင့် MV. FORTUNE သင်္ဘော(၂)စီးသည် ၂၁-၅-၂၀၂၃ ရက်၊ ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းနှင့် MV. AQUARIUS သင်္ဘောသည် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်၍ စစ်တွေမြို့သို့ ၁၉-၅-၂၀၂၃ ရက်နေ့ ကတည်းက ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန