ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့

နေပြည်တော်၊ မေ ၂၈

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MCL - 3 ရေယာဉ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့မှ ဆန်အိတ် (၁၃,၀၁၃)အိတ်၊ ဆီ (၆၀၀)ပိဿာ၊ ခေါက်ဆွဲခြောက် (၄၀၀)ဖာ၊ ဆေးဝါးပစ္စည်း (၁,၄၉၀)ဘူး၊ သစ်ခွဲသား ဆိုဒ်စုံ (၃၀၀)တန်၊ သွပ်(၂၆,၈၄၀)ချပ်၊ ထွန်စက် (၃၃)စီးနှင့် ဆက်သွယ်ရေး တာဝါတိုင်များ၊ ဆက်စပ်ပစ္စည်းများ၊ လမ်းမီးတိုင်များ အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် (၁,၅၉၂)တန် တင်ဆောင်၍ ၂၈-၅-၂၀၂၃ ရက်၊ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။