ရန်ကုန်မြစ် ရေလမ်းကြောင်း တိုးတက် ကောင်းမွန်ရေး အတွက် သောင်တူးလုပ်ငန်း လုပ်ဆောင်လျက်ရှိခြင်း

 

ရန်ကုန်၊ အောက်တိုဘာ (၁၉)

 

ရန်ကုန်မြစ် ရေလမ်းကြောင်း တိုးတက် ကောင်းမွန်ရေးအတွက် သောင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း ရေစူး (Drys) ၉မီတာရှိ ပင်လယ်ကူးသင်္ဘောကြီးများ ရေကြောင်းအန္တရာယ်ကင်းရှင်းစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် ၂ဝ၁၈ မေလမှစ၍ နိုင်ငံခြားသောင်တူးရေယာဉ်ဖြင့် စတင် တူးဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသောင်တူးလုပ်ငန်းသည် (၅)နှစ်စီမံကိန်းဖြစ်ပြီး၊ အပြင်စည်းခုံ ရေလမ်းကြောင်း (Outer bar Channel) ကို မေလမှ သြဂုတ်လအထိတူးဖော်ခဲ့ရာ ရေအနက် (CD-Controlling Depth) ၄မီတာထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရေလမ်းကြောင်း တည် ငြိမ်မှုရရှိလာသည့်အတွက် ယခုအခါ အတွင်းစည်းခုံ ရေလမ်းကြောင်း (INNER Bar Channel) ကို ဆက်လက်တူးဖော်လျက်ရှိပါသည်။