ရေနည်းမည့်အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈) ရက်၊ (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည်ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင်(၄၀၉)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလတတိယ(၁၀)ရက်ပတ်အတွင်းလက်ရှိရေမှတ်အောက်ပေဝက်ခန့်ကျဆင်းနိုင်ပြီးယင်းမြို့၏ရေနည်းသတိပေးမှတ်(၄၁၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။