ရေနည်းမည့်အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

 

 ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့ တွင် (၂၇၂)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အောက် ပေဝက်ခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိ ပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။