လိုင်စင်ဆိုင်ရာ အခကြေးငွေများ ပြင်ဆင်ပြောင်းလဲကောက်ခံမှုအား အသိပေးကြေညာသည့် အမိန့်ကြော်ငြာစာအမှတ် ၊ ၁၀/၂၀၁၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မ ခွဲ(က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် “လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ”  အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၈) ဖြင့် ထုတ်ပြန်လိုက်ပြီးဖြစ်၍ အဆိုပါထုတ်ပြန် ပြဌာန်းလိုက်ပြီးဖြစ်သည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ဆိုင်ရာအခကြေးငွေများအား  အဆိုပါအမိန့်ကြော်ငြာစာပြင်ဆင်ထုတ်ပြန်သည့်နေ့မှစ၍ အောက်ဖော်ပြပါဇယား (၁) အတိုင်း ပြင်ဆင် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါကြောင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများအားလုံး သိရှိနိုင်ပါရန် အသိပေးအကြောင်းကြားပါသည်။