သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဒီဇင်ဘာ ၃၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက် (၀၈း၃၀) နာရီတွင်  တွဲထိန်းအခြေခံသင်တန်း(၆/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီးဦးမင်းချစ်ဦး က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင် ဆုရရှိခဲ့ကြသည့်သူများကို ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်များ  ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသားများကိုလိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။                     

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း