သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဇွန် ၁၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇွန် လ ၁၆ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် သံလမ်း(ဉာဏ်သစ်လောင်း) လုပ်သားခေါင်း၊ ဇာဝီလှည့်သင်တန်းအမှတ်စဉ်(၅၅/၂၀၂၃)၏ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါ သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင် ဆုရရှိခဲ့ကြသည့် သင်တန်းသားများကို ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသားများကို လိုက်လံနှုတ်ဆက် မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း