သင်တန်းဖွင့်လှစ်ခြင်း

 

မိတ္ထီလာ၊ စက်တင်ဘာ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဒုရုံပိုင်(အလုပ်သင်)ဘွဲ့ရသင်တန်း အမှတ်စဉ်(၃၉/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်း ချစ်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသားများကိုလိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များကိုထပ်မံ မှာကြားရှင်းလင်းခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း