သင်တန်းဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ၃၀-၁-၂၀၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၀၈၃၀ အချိန်တွင် စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းအမှတ်စဉ်(၂၀/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောင်းအုပ်ကြီးသည် သင်တန်းသား သင်တန်းသူများကို လိုက်လံနှုတ်ဆက်မှာကြားပြီး အားပေးစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း