သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ စက်တင်ဘာ ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် အခြေ ခံစာရေး (ရုံးလုပ်ငန်း)သင်တန်းအမှတ်စဉ်(၁၂/ ၂၀၂၂) နှင့် လျှပ်စစ်အခြေခံသင်တန်းအမှတ်စဉ်(၃၄/၂၀၂၂)တို့ ၏သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ များကို လိုက်လံနှုတ် ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း