သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ မေ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌မေလ ၁၅ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဝန်ထမ်းသစ်အခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၃)၊           စတိုပစ္စည်းထိန်း (အခြေခံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃)၊ သံလမ်း (ဉာဏ်) လုပ်သားခေါင်း/ဇာဝီလှည့် သင်တန်းအမှတ်စဉ်(၅၅/၂၀၂၃)၊  အခြေခံစာရေးကွန်ပျူတာ(အထူး ပြု) သင်တန်းအမှတ်စဉ် (၅၃/၂၀၂၃)တို့၏ သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းသူ/သားများကို လိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း