သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၁၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာလ ၁၈ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် စတိုပစ္စည်းထိန်းသင်တန်းအမှတ်စဥ်(၅၃/၂၀၂၁)၊ Logistics & Supply Chain Management သင်တန်းအမှတ်စဥ် (၂/၂၀၂၁)၊ အခြေခံယာဥ်မောင်းသင်တန်းအမှတ်စဥ် (၁/၂၀၂၁)၊ ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်းအမှတ်စဥ်(၄၀/၂၀၂၁)၊ ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်းအမှတ်စဥ်(၃၈/၂၀၂၁)၊ အဆင့်မြှင့်ဂဟေသင်တန်းအမှတ်စဥ်(၂/၂၀၂၁)နှင့်အခြေခံစာရေးကွန်ပြူတာ(အထူးပြု)သင်တန်းအမှတ်စဥ်(၄၈/၂၀၂၁)တို့၏ သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းများဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအပြီးတွင်ကျောင်းအုပ်ကြီးကသင်တန်းသူ/သားများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း