သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ဇန္နဝါရီ ၁၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန္နဝါရီလ ၁၇ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အခြေခံစာရေးကွန်ပျူတာ(အထူးပြု)သင်တန်းအမှတ်စဥ်(၅၀/ ၂၀၂၂)၊ တွဲထိန်းသင်တန်းအမှတ်စဥ်(၅/၂၀၂၂)၊ ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်းအမှတ်စဥ်(၄၁/၂၀၂၂) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသူ/သားများကိုလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း