သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Web Security သင်တန်းကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့်ပူးပေါင်းဖွင့်လှစ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ၊ဌာနများ၏ ဝက်ဆိုက်များ လုံခြုံ မှုရှိစေရန် ဆောင်ရွက်ရမည့် နည်းပညာ ဗဟုသုများကို စာတွေ့ လက်တွေ့ သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် Institute of Information Industry, Taiwan Digital Opportunity Center (TDOC) တို့ ပူးပေါင်းဖွင့်လှစ်သည့် Web Security သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

Web Security သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၃၂) ခုမှ သင်တန်းသား (၄၀) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ပြည်တွင်းကျွမ်းကျင်ပညာရှင်(၂)ဦး တို့က သီအိုရီပိုင်းနှင့်လက်တွေ့ပိုင်းနှစ်မျိုးဖြင့် (၁၆-၈-၂၀၁၈)ရက်နေ့မှ (၂၄-၈-၂၀၁၈)ရက်နေ့အထိ (၇)ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း ၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ လာရောက် သင်ကြားပို့ချမည့် ဆရာများ တက်ရောက်ခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ၊ ဦးစိုင်းစောလင်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။