သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Advanced Excel Course သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆) ရက်

        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် ကြီးမားရှုပ်ထွေးသည့် ဒေတာများကိုအသုံးပြု၍ ဘတ်ဂျက်တွက်ချက်ရန် ၊ အစီရင်ခံစာများပြင်ဆင်၍ Chart, Graphic များဖြင့်ဖော်ပြရန်၊ တူညီသောလုပ်ငန်းစဉ်များအတွက် တစ်ကြိမ်သာ ပြင်ဆင်ရုံဖြင့် ကြိမ်ဖန်များစွာအသုံးပြုနိုင်ရန်နှင့် Data Analyzer/ Developer တစ်ဦးအနေဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Advanced Excel Course သင်တန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် Microsoft 365 Team အသုံးပြု၍ Online Learning System ဖြင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရပါသည်။

        Advanced Excel Course သင်တန်းကို သင်တန်းကာလမှာ (၁၆-၁၂-၂၀၂၀) ရက်နေ့မှ (--၂၀၂) ရက်နေ့အထိ (၁) ရက် သင်တန်းဖြစ်ပြီး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၃၀) ခုမှ သင်တန်းသား (၄၅) ဦး တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင်   အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြု၍ ပထမဆုံး ဖွင့်လှစ်သင်ကြားသည့် သင်တန်းတစ်ခု ဖြစ်ကြောင်း သိရပါသည်။    

      သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

       သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း