သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Linux Foundation Course သင်တန်းဖွင့်ပွဲအခမ်းအနား

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် ဝန်ကြီးဌာန Website/ Web Portal များ၊ Application Server များ ကိုင်တွယ်အသုံးပြုနိုင်စေရန်နှင့် နှင့် ဒေတာစင်တာ ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဌာနများမှ CIO၊ Assistant CIO နှင့် ကွန်ပျူတာဌာနမှ ဝန်ထမ်းများ အတွက် ဖွင့်လှစ်သည့် Linux Foundation Course  သင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

Linux Foundation Course သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၂၉) ခုမှ သင်တန်းသား (၄၀) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     ဤသင်တန်းတွင် နည်းပညာတက္ကသိုလ်တောင်ငူမှ သုတနည်းပညာဘာသာရပ်၊ နောက်ဆုံးနှစ် ကျောင်းသား (၅)ဦး လည်း Internship အနေဖြင့် တက်ရောက်ကြောင်း သိရှိရပါသည်။သင်တန်းကာလမှာ (၂၁-၅-၂၀၁၈)ရက်နေ့မှ (၁-၆-၂၀၁၈)ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ညွှန်ကြားရေးမှူး ၊ ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။