သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Linux Foundation Course သင်တန်းဖွင့်ပွဲအခမ်းအနား

အောက်တိုဘာလ (၂၁) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် Linux Server ကိုအခြေခံအဆင့် ကိုင်တွယ်အသုံးပြုနိုင်စေရန်  ရည်ရွယ်၍ ဖွင့်လှစ်သည့် Linux Foundation Course အမှတ်စဉ် (၀၁၁၄/၀၁/၁၉-၂၀)   သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ (၂၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

အဆိုပါ Linux Foundation Course အမှတ်စဉ် (၀၁၁၄/၀၁/၁၉-၂၀) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၁၈) ခုမှ သင်တန်းသား (၃၆) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းကာလများမှာ (၂၁-၁၀-၂၀၁၉)ရက်နေ့မှ (၁-၁၁-၂၀၁၉) ရက်နေ့အထိ (၉)ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။