ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Front end Developerတိုင်း မရှိမဖြစ် လေ့လာထားသင့်သည့် Language တစ်ခုဖြစ်ပြီး Screen Size ပေါ်မူတည်၍ Web Layout Design များကိုရေးဆွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Responsive Web Design and Java Script Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမ တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။
အဆိုပါ Responsive Web Design and Java Script Course သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၂၇) ခုမှ သင်တန်းသား (၃၆) ဦး တို့ တက်ရောက် ကြောင်း သိရပါသည်။
သင်တန်းကာလမှာ (၇-၁-၂၀၁၉)ရက်နေ့မှ (၁၈-၁-၂၀၁၉) ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ၊ ဒေါ်ခင်ဆွေဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။
မသန္တာ
သင်တန်းကျောင်း