သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Web Design HTML5 & CSS3 Course သင်တန်းဖွင့်ပွဲအခမ်းအနား

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသား နိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Web Design HTML5 & CSS3 Course သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမ(၁) တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

Web Design HTML5 & CSS3 Course သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၃၄) ခုမှ သင်တန်းသား (၄၁) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းကာလမှာ (၁၆-၇-၂၀၁၈)ရက်နေ့မှ (၃၁-၇-၂၀၁၈)ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း နှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။