အကြိမ်(၅၀) မြောက် အသက်( ၁၅ )နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

 

အောက်တိုဘာလ (၉) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ ( World Post Day ) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို UNESCO နှင့်  UPU တို့ ပူးပေါင်း ၍ နှစ်စဉ်ကျင်းပပေးလျက်ရှိရာ  ၂၀၂၁ ခုနှစ်အတွက် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲအား “ Write a letter to a family member about your experience of COVID-19” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံမှလည်း ပြည်တွင်းအဆင့် အသက်( ၁၅ )နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို အကြိမ် (၅၀) မြောက်အဖြစ်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီး / ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တပြိုင်နက်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/သူစုစုပေါင်း ( ၁၅ ) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ဧရာဝတီတိုင်းဒေသကြီး၊ အ - ထ - က ( ၁ ) လပွတ္တာ မြို့နယ်၊ ဒသမတန်းမှ မထက်ဝင့်ဝါအောင် ကလည်းကောင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)  အ - ထ - က (၂) ကျိုင်းတုံမြို့နယ်၊ သတ္တမတန်းမှ မောင်သော်ဇင်စွမ်းသစ် က လည်းကောင်း၊ တတိယဆုကို ရန်ကုန်တိုင်းဒေသကြီး  အ - ထ - က (၂) ကမာရွတ်မြို့နယ်၊ ဒသမတန်းမှ မအေးခန့်ခန့်ဟန် တို့ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိကြောင်း ကြေညာအပ်ပါသည်။