အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ ( Universal Service Strategy) မူကြမ်းအား အများပြည်သူ သဘောထားတောင်းခံခြင်း

 

၁။      ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၄ အရ အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေတစ်ရပ်  (Universal Service Fund) ထူထောင်ထားရှိပြီး Universal Service  နှင့်စပ်လျဉ်းသည့်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်သည်ဟု ပြဠာန်းထားချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကမ္ဘာ့ဘဏ်စီမံကိန်းမှ ငှားရမ်းထားသည့် Consultant ၏ အကူအညီဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးမဟာဗျူဟာ ( Universal Service Strategy) (မူကြမ်း)အား ရေးဆွဲထားပြီးဖြစ်ပါကြောင်းနှင့် အောက်ပါ link တွင် download ရယူနိုင်ပါသည်။

၂။      အဆိုပါ အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာ (Universal Service Strategy)မူကြမ်းအပေါ် အကြံပြုလိုသည်များရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၂-၂-၂၀၁၈)  ရက်နေ့အထိ အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့၍ အကြံပြုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အကြံပြုစာပေးပို့ရန်-

[email protected]

[email protected]

[email protected]

ဖုန်းအမှတ် - 09-5400098 ၊ 09-424000963

ဖက်စ်ဖုန်းအမှတ် 067-407227