အပြည်ပြည်ဆိုင်ရာပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုကြောင့် MPT ၏အင်တာနက်ဝန်ဆောင်မှုများနှေးကွေးခဲ့မှုအားပြန်လည်ကောင်းမွန်ရေးအတွက်အမြန်ဆုံးပြုပြင်လျက်ရှိပြီးဆက်ကြောင်းသစ်များကိုလည်းထပ်မံတိုးချဲ့ချိတ်ဆက် ဆောင်ရွက်နေ

ဧပြီလ ၂၀ ရက် ၀၀:၃၃ နာရီ မှ စတင်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် MPT မှ ပေးအပ်လျက်ရှိသည့်   မိုဘိုင်း၊ FTTH နှင့် ဆက်စပ် အင်တာနက် ဝန်ဆောင်မှုများမှာ အမြန်နှုန်းများ နှေးကွေးမှု ဖြစ်ပေါ်လျက်ရှိပါသည်။

အဆိုပါ ချို့ယွင်းလျက်ရှိသည့် ပင်လယ်ရေအောက် ကေဘယ်လ်အား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ပြုပြင်နေစဉ်ကာလအတွင်း  သုံးစွဲသူများ အဆင်ပြေစေရန်အတွက်  MPT အနေဖြင့် ဆက်ကြောင်းသစ်များ ထပ်မံတိုးချဲ့ချိတ်ဆက်၍  အင်တာနက်မြန်နှုန်းများ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။ သည်းခံစောင့်ဆိုင်းပေးမှု အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။