အိမ်ငှားစရိတ်နှင့် ဝတ်စုံစရိတ်များ ပေးအပ်ခြင်း

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၀၉း၀၀ နာရီတွင် ဝန်ထမ်းများကို အိမ်ငှားစရိတ်နှင့် ဝတ်စုံစရိတ်များပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ကျောင်းအုပ်ကြီးနှင့်ဒုတိယကျောင်းအုပ်ကြီးတို့က အိမ်ထောင်သည် (၂၉)ဦး/ လူပျိုအပျို(၂၈)ဦးတို့အတွက် အိမ်ငှားစရိတ်နှင့် ဝန်ထမ်း(၁၇၃)ဦးတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ဝတ်စုံစရိတ်များကိုပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း