ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းသည် ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်အတွက် ဆောင်ရွက်မည့် အစီအစဉ်ကို တာဝန်ရှိသူများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေး

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း သည် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များမိတ်သဟာယမှ  ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့ကို အောက်တိုဘာလ (၁၇)ရက်နေ့ (၁၂:၀၀) နာရီအချိန်၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)တွင် လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလလယ် မှ ဒီဇင်ဘာလလယ်အထိ (၂၇)ရက်ကြာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စုန်ဆင်း၍ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့ (၂၇)မြို့သို့ ဝင်ရောက် ဆိုက်ကပ်ပြီး ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်အတွက် ပြည်ကြီးတံခွန် (၄) ရေယာဉ်ဖြင့် သွားရောက် ဆောင်ရွက်မည့် အစီအစဉ်ကို တာဝန်ရှိသူများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။