(၁၀)ရက်ပတ် မြစ်ရေခန့်မှန်းချက်

မင်္ဂလာနံနက်ခင်းပါ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို (၁-၁၁-၂၀၂၀) ရက်နေ့တွင် အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။

 

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၄)ပေမှ (၉)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ (၃)ပေခွဲခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါတယ်။

 

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၅)ပေမှ (၈)ပေခန့် နှင့် မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁၀)ပေမှ (၁၅)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။