၂၅.၆.၂၀၂၁ ရက်နေ့ ကုန်းလမ်းပို့ဆောင်ရေး၊ ရုံးအမှတ်(၂၉)၌ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) နှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ရုံးအမှတ်(၂၉)၌ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) နှင့် အလုပ်ရုံ ဆွေးနွေးပွဲကို (၂၅.၆.၂၀၂၁)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်း၊ အထွေထွေမန်နေဂျာနှင့် ဌာနများမှ အရာထမ်း၊ အမှုထမ်း (၅၀)ဦးတက်ရောက် ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ခရီးသည်ပို့ဆောင်ရေးဌာနမှ လက်ထောက်မန်နေဂျာ ဒေါ်ခင်မိမိက “ခံစားကြရမည့် အခွင့်အရေးနှင့် ထမ်းဆောင်ကြရမည့် တာဝန်” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။