(၅၁) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ ပြည်တွင်းအဆင့် ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ) ရက်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့       ( World Post Day ) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို ကုလသမဂ္ဂပညာ၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့( UNESCO ) နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ( UPU ) တို့၏ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အဖြစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ပြိုင်ပွဲကျင်းပရေးအဖွဲ့ ( National Organizing Body ) သည် အသက် ( ၁၅ ) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ အသက် ( ၁၅ ) နှစ်နှင့်အောက် လူငယ်များပါဝင်ယှဉ်ပြိုင်နိုင်ရန် ကျင်းပပေးလျက်ရှိပါသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ Write a letter to an influential person about why and how to take action on climate change ဟူသော ခေါင်းစဉ်ပေးပို့လာပြီး မြန်မာနိုင်ငံအနေဖြင့် (ပြည်တွင်းအဆင့်) အင်္ဂလိပ်ဘာသာဖြင့် ပေးစာရေးပြိုင်ပွဲကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀-၃-၂၀၂၂)ရက်နေ့က မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ပေးခဲ့ပြီး ကျောင်းသား / သူ စုစုပေါင်း (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

(၅၁) ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ပထမဆုကို နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ WISDOM HILL Private High School ဇမ္ဗူသီရိမြို့နယ်၊ Grade-7 မှ မောင်မိုးထက်အောင် ကလည်းကောင်း၊ ဒုတိယဆုကို နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ အ-ထ-က (၅) ပျဉ်းမနားမြို့၊ Grade-8 မှ မသက်မှူးခင် ကလည်းကောင်း၊ တတိယဆုကို မကွေးတိုင်းဒေသကြီး၊  အ-ထ-က ( ၁ )မကွေးမြို့နယ်၊ Grade-8 မှ မခင်ခင်ဦးသာ ကလည်းကောင်း၊ အထူးဆု ( ၁ ) ကို ရခိုင်ပြည်နယ်၊ Noble ကိုယ်ပိုင်အထက်တန်းကျောင်း ကျောက်တော်မြို့၊ Grade-7 မှ မောင်ဘုန်းမော်ရွှေ ကလည်းကောင်း၊ အထူးဆု (၂) ကို  ပဲခူးတိုင်းဒေသကြီး၊  အ-ထ-က ( ၃ ) ပဲခူးမြို့နယ်၊ Grade-6 ( B ) မှ မပွင့်ဝေဖူး တို့ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါသည်။