(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှပါဝင်ပြသခြင်း

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာ ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC - 2)  (၂၆-၁၂-၂၀၂၂) ရက်နေ့မှ (၂၉-၁၂-၂၀၂၂) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပြခန်း၌ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ပါဝင်ပြသခဲ့ပါသည်။ အဆိုပါပြခန်း၌ သင်္ဘောအင်ဂျင်ပုံစံငယ်များ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ခရီးသည်ဆိပ်ကမ်းပုံစံငယ်၊ အသက်ကယ်ဖောင်နှင့် ရေယာဉ်သုံးပစ္စည်းကိရိယာများကို ခင်းကျင်းပြသခဲ့ကြပါသည်။

အဆိုပါပြခန်းသို့ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များ စိတ်ဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြပါသည်။