(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ပါဝင်ပြသခြင်း

 (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ (၂၆-၁၂-၂၀၂၂) ရက်နေ့မှ (၂၉-၁၂-၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပြခန်း၌ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ပါဝင်ပြသခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် ရေယာဉ်မောင်းနှင်ခြင်း သရုပ်ပြလေ့ကျင့်ခန်း၊ ရေယာဉ်ပုံစံငယ်များ၊ ဂ‌ဟေဆက်ခြင်းလေ့ကျင့်ခန်း၊  Computer Based Training (CBT)  ဖြင့် ရေယာဉ်အင်ဂျင်နှိုးခြင်း ရပ်ခြင်း၊ Virtual Reality (VR)  ဖြင့် ရေယာဉ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ရေယာဉ်မီးသတ်၀တ်စုံများကိုပြသထားရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးများ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပါသည်။